နုပျိုလန်းဆန်း အရွယ်တင်ဖို့ လက်ဖက်စိမ်း ရေနွေးကြမ်း သောက်ကြစို့
အရွယ်တင်ချင်သူတိုင်း သောက်သင့်တဲ့ အရာလေး တစ်ခုရှိပါတယ်။ ဒါကတော့ လက်ဖက်စိမ်း ရေနွေးကြမ်းပါ။ ဒီစာလေးထဲမှာ လက်ဖက်စိမ်း ရေနွေးကြမ်းလေးရဲ့ ကောင်းကျိုး အာနိသင်တွေကို ပြောပြပေးထားမို့ ဆက်ကြည့်ပေးဦးနော်။
လက်ဖက်စိမ်း ရေနွေးကြမ်းဆိုတာက ရေနွေးကြမ်း တစ်မျိုးပါပဲ။ ဒါပေမယ့် ပုံမှန် လက်ဖက်ခြောက်တွေထက် အင်ဒီအောက်ဆီးဒင့် ပါဝင်မှု များနေတဲ့ လက်ဖက်ခြောက်ကနေရတဲ့ ရေနွေးကြမ်းပေါ့။ ခပ်စိမ်းဖန့်ဖန့် အရောင်လေး ရှိတတ်ပြီး အနံ့သင်းသင်းလေးနဲ့ သောက်ရတာ အရသာရှိပါတယ်။
လက်ဖက်စိမ်း ရေနွေးကြမ်းမှာ အင်ဒီအောက်ဆီးဒင့်တွေနဲ့ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေပါ ပါဝင်နေပါတယ်။
လက်ဖက်စိမ်း ရေနွေးကြမ်း နဲ့ ကျန်းမာရေး
လက်ဖက်စိမ်းရေနွေးကြမ်း သောက်ရင်း ရရှိမယ့် ကျန်းမာရေး အာနိသင်တွေကတော့
- ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ်
လက်ဖက်စိမ်းရေနွေးကြမ်းမှာ အင်ဒီအောက်ဆီးဒင့်တွေနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား အချို့ကို ကာကွယ်ပေးနိုင်ပါတယ်။
- ဦးနှောက်ကျန်းမာစေတယ်
လက်ဖက်စိမ်းရေနွေးကြမ်း သောက်ပေးတာက ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကောင်းချင်တယ်ဆိုရင် မနက်ခင်းမှာ လက်ဖက်စိမ်းရေနွေးကြမ်း နွေးနွေးလေး သောက်ပေးပါ။
- ဝိတ်ကျစေနိုင်တယ်
ကိုယ်အလေးချိန် ထိန်းချင်သူတွေ ဝိတ်ချချင်သူတွေ သောက်ပေးလို့ ရပါတယ်။ အစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
- နှလုံး ကျန်းမာစေတယ်
သွေးတွင်းအဆီ ကျစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကြွက်သားတွေ သန်မာစေနိုင်ပါတယ်။ နှလုံးရဲ့ လုပ်ဆောင်မှု ကောင်းစေနိုင်ပါတယ်။
- ကိုယ်အပူချိန် လျှော့ပေးတယ်
လက်ဖက်စိမ်းရေနွေးကြမ်းက ရေဓာတ်ပြည့်ဝစေသလို ကိုယ်အပူချိန်ကို လျှော့ချပေးဖို့လည်း လုပ်ဆောင်ပေးပါသေးတယ်။
- ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
လက်ဖက်စိမ်းရေနွေးကြမ်းက ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးသန့်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။
- အသားအရေ ကျန်းမာစေတယ်
အရေးအကြောင်း ဖြစ်တာ အပါအဝင် အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက်လည်း လက်ဖက်စိမ်း ရေနွေးကြမ်းကို သောက်ပေးလို့ ရပါတယ်။
မွန်မွန်